About

Orient IT Solution Co.,Ltd သည် လုပ်ငန်းသုံး ကွန်ပျူတာ စာရင်းကိုင် စနစ် အမျိုးမျိုး တို့ကို ရေးသား ထုတ်လုပ်ခြင်း၊ အင်တာနက် စာမျက်နှာများ ဖန်တီး ရေးသားခြင်း၊ အင်တာနက် လိပ်စာ ပြုလုပ်ပေးခြင်း နှင့် အင်တာနက် ပေါ်တွင် လွှင့်တင်ပေးခြင်း၊ မိုဘိုင်းလ် ဖုန်း ဆော့လ်ဝဲလ်များ တီထွင် ရေးသား ထုတ်လုပ်ခြင်း စသည့် နည်းပညာ ၀န်ဆောင်မှု တို့ကို နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများ နှင့်အတူ အကောင်းဆုံး ၀န်ဆောင်မှု ပေးနေသော ယုံကြည် စိတ်ချ ရသည့် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။

အပြည့်အစုံသို့

Our Services

Software Development

Business Software Icon

Orient မှ ရေးသား ပေးနေသော Business Software များမှာ လုပ်ငန်း အလိုက် ကုန်ပစ္စည်း အရောင်း အ၀ယ်၊ ကုန်လက်ကျန်၊ ပေးရန်/ရရန် အကြွေးများ၊ ရောင်းအား အကောင်းဆုံး ကုန်ပစ္စည်းများ၊ ဝင်ငွေ/ထွက်ငွေ စာရင်းများ နှင့် အရှုံး/အမြတ် စာရင်း များကို နေ့စဉ် အချိန် နှင့် တစ်ပြေးညီ သိနိုင်ရန် ရေးသား ထားသော ဆော့ဖ်ဝဲလ်များ ဖြစ်ပါသည်။

အပြည့်အစုံသို့

Web Development

Business Software Icon

အင်တာနက် ပေါ်တွင် သင်နှင့် သင့်လုပ်ငန်း၊ သင့်အဖွဲ့အစည်း အကြောင်း သတင်း လွှင့်တင် နိုင်ရန် နှင့် အင်တာနက် ပေါ်တွင် စီးပွားရေး အရောင်း အ၀ယ် ပြုလုပ်နိုင်ရန်၊ အင်တာနက် မှတဆင့် ကမ္ဘာအနှံ့ သို့ ဆက်သွယ် ဆောင်ရွက် နိုင်ရန် အတွက် Orient မှ လှပ သေသပ် ၍ ဆွဲဆောင်မှု ရှိသော နိုင်ငံတကာ အဆင့်မှီ website များနှင့် web application များကို အထူး ပြုလုပ် ဖန်တီး ပေးပါသည်။

အပြည့်အစုံသို့

Domain & Web Hosting

Domain Icon

သင်လိုချင်သည့် Domain Name ကို Register လုပ်၍ ရမရ Orient မှ ချက်ချင်းစစ်ဆေး ပေးပြီး အချိန်စောင့်စရာ မလိုပဲ ချက်ချင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Orient မှ ရောင်းချသည့် domain များမှာ management ပြုလုပ်နိုင်သော Control Panel ပါဝင်မှာ ဖြစ်သောကြောင့် သင့်အနေ နဲ့ သင်၏ domain ကို အပြည့်အဝ ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ .com .net .biz .org .info .name စသဖြင့် မိမိ ကြိုက်နှစ်သက်ရာ Domain Name ကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အပြည့်အစုံသို့

Mobile Development

Domain Icon

ဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်းလ်နည်းပညာ များကို အသုံးပြု၍ လက်ရှိ အသုံးပြုနေသော ကွန်ပျူတာစနစ်မှ စာရင်းအချက်အလက်များကို မိုဘိုင်းလ်နည်းပညာ အသုံးပြုပစ္စည်းများ မှတဆင့် ကြည့်ရှုအသုံးပြုခြင်း၊ (ဥပမာ - အရောင်းအ၀ယ်ပြုလုပ်သော ကွန်ပျူတာစနစ်ကို Tablet, Mobile Handset များမှတဆင့် အလုပ်လုပ်ခြင်း) Andriod, iOS စသည့် စနစ်အမျိုးမျိုးပေါ်တွင် အသုံးပြုနိုင်သော Mobile Application များဖန်တီးရေးသားပေးခြင်း

အပြည့်အစုံသို့