About

Orient IT Solution Co.,Ltd သည်

  • လုပ်ငန်းသုံး ကွန်ပျူတာ စာရင်းကိုင် စနစ် အမျိုးမျိုး တို့ကို ရေးသား ထုတ်လုပ်ခြင်း
  • အင်တာနက် စာမျက်နှာ များ ဖန်တီး ရေးသားခြင်း
  • အင်တာနက် လိပ်စာ ပြုလုပ်ပေးခြင်း နှင့် အင်တာနက် ပေါ်တွင် လွှင့်တင် ပေးခြင်း
  • မိုဘိုင်းလ် ဖုန်း ဆော့လ်ဝဲလ်များ တီထွင် ရေးသား ထုတ်လုပ်ခြင်း
စသည့် နည်းပညာ ဝန်ဆောင်မှု တို့ကို နောက်ဆုံးပေါ် ခေတ်မီ နည်းပညာ များ နှင့်အတူ အကောင်းဆုံး ဝန်ဆောင်မှု ပေးနေသော ယုံကြည် စိတ်ချ ရသည့် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။

Orient Software Development ဟူ၍ နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယခု အချိန်ထိ Orient ၏ နည်းပညာ ဝန်ဆောင် မှုကို အသုံးပြုသူ များ ကြားတွင်

  • ယုံကြည်စိတ်ချ ရခြင်း
  • အသုံးပြုရ လွယ်ကူခြင်း
  • ရိုးရှင်း လွယ်ကူသော စာရင်း ထည့်သွင်းမှု ပုံစံ
  • စာရင်းများ မှန်ကန် တိကျမှု ရှိခြင်း
  • စာရင်းများ လုံခြုံ စိတ်ချ ရခြင်း
  • လုပ်ဆောင်ချက်များ မြန်ဆန် သွက်လက်ခြင်း
  • သင့်တင့် မျှတသော ဈေးနှုန်း
  • မျှော်လင့် ထားသည် ထက်ပိုသော ၀န်ဆောင်မှု
စသည့် နာမည် ကောင်းသတင်း များဖြင့် ကျော်ကြား လာခဲ့ ပါသည်။ ထို အချက်အလက် များကြောင့် စီးပွားရေး လုပ်ငန်းရှင်ကြီး များမှ ယုံကြည် စိတ်ချ ၍ ရွေးချယ် အသုံးပြု လာသော နည်းပညာ ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည် လျှက်ရှိ ပါသည်။

Orient IT Solution Co.,Ltd ၏ အဓိက ရောင်းချ လျက်ရှိသော Ready Made Software များမှာ OTMS - Orient Trading Management System ဟုခေါ်သော လက်လီ လက်ကား အရောင်း အ၀ယ် စနစ် နှင့် OTMS II - Orient Trading Management System II ဟု ခေါ်သော ငွေကြေး စနစ် အမျိုးမျိုးသုံး လက်လီ လက်ကား အရောင်း အ၀ယ် စနစ် တို့ ဖြစ်ပါသည်။

အသုံးပြုသူ လုပ်ငန်းရှင် များ ၏ လက်ရှိ အသုံးပြုနေသော စနစ် များအတိုင်း တီထွင် ရေးသား ပေးရသော Customized Software များတွင်လည်း စိန်ရွှေ ရတနာ ရောင်းဝယ်ရေး အပါအ၀င် ဆေးရုံ လုပ်ငန်း များနှင့် အခြား စီးပွားရေး လုပ်ငန်းများ အတွက် လုပ်ငန်းရှင် များနှင့် သုံးစွဲသူများ စိတ်တိုင်းကျ ကျေနပ် နှစ်သက် စေသော အခြေအနေ ထိ အောင်မြင်မှု ရရှိ ခဲ့ပါသည်။

Web Development တွင် Online Shopping ကဲ့သို့ Application အသုံးပြု Web Site များကို တီထွင် ရေးသား လျက်ရှိသည့် အပြင် Mobile Development တွင်လည်း Gold Calculator ကဲ့သို့ Mobile Application များကို Google Play Store မှ တဆင့် အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ ပါသည်။

Orient IT Solution ၏ ရည်မှန်းချက် မှာ ပြောင်းလဲ တိုးတက် နေသော နည်းပညာ များဖြင့် လူသား တို့၏ အကျိုး စီးပွားကို အထောက် အကူ ပြုမည့် လုပ်ငန်းသုံး ဆော့ဖ်ဝဲလ် များ တီထွင် ရေးသား ပြီး အကောင်းဆုံး ဝန်ဆောင် မှုများ ပေးသွားရန် ဖြစ်ပါသည်။