FAQ

Q: ဘယ်လို လုပ်ငန်းမျိုး တွေက ကွန်ပျူတာ ဆော့ဖ်ဝဲလ် သုံးဖို့ လိုအပ် ပါသလဲ ??
A: လုပ်ငန်း တိုင်းက မိမိတို့ရဲ့ Data အချက်အလက် တွေကို စနစ်တကျ မှတ်တမ်းတင် ထားချင်တယ်၊ လိုအပ်တဲ့ အချိန်မှာ လိုချင်တဲ့ Data တွေကို အမြန်ဆုံးနဲ့ အမှန်ဆုံး လိုချင်တယ် ကြည့်ချင်တယ် ဆိုရင်တော့ လုပ်ငန်းတိုင်း အတွက် ကွန်ပျူတာ ဆော့ဖ်ဝဲလ် သုံးဖို့ လိုအပ် ပါတယ်။
Q: ကွန်ပျူတာ ဆော့ဖ်ဝဲလ် သုံးမယ်ဆိုရင် ကွန်ပျူတာ အသုံးပြု တတ်တဲ့ လူတွေနဲ့မှ အဆင်ပြေမယ် ဆိုတော့ ၀န်ထမ်း အသစ်တွေ ထပ်ခေါ် ရမှာပေါ့ ??
A: Orient ရဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲလ် သုံးမယ် ဆိုရင်တော့ ကွန်ပျူတာကို အနည်းငယ် အသုံးပြု တတ်ရုံနဲ့ အဆင်ပြေ ပါတယ်။ စနစ်တစ်ခုလုံးက မြန်မာလို အလွယ်ဆုံး အရှင်းဆုံး ပြုလုပ် ထားတာဆိုတော့ ဆိုင်က လက်ရှိဝန်ထမ်း တွေနဲ့တင် အဆင်ပြေပြေ အသုံးပြု လို့ရပါတယ်။ Orient ရဲ့ ကျွမ်းကျင် ၀န်ထမ်း တွေကလည်း ကွန်ပျူတာနဲ့ မရင်းနှီး သေးတဲ့ လူကိုတောင် အလွယ်ကူဆုံး သုံးလို့ ရအောင် သင်ပေး နိုင်ပါတယ်။
Q: စာရင်း စာအုပ်တွေက အလွယ်တကူ သိမ်းထား လို့ရပေမယ့် ကွန်ပျူတာ ထဲမှာ သိမ်းထားတဲ့ စာရင်းတွေ ပျောက်သွားရင် ဘယ်လို လုပ်မလဲ ??
A: ဒီအတွက်တော့ မပူပါနဲ့။ Orient ရဲ့ လုပ်ငန်းသုံး ကွန်ပျူတာ စာရင်းကိုင် ဆော့ဖ်ဝဲလ် စနစ် တိုင်းမှာ အချိန်နဲ့အမျှ BackUp လုပ်နိုင်တဲ့ စနစ်တစ်ခု ပါတယ် ဆိုတော့ ကွန်ပျူတာ ထဲမှာ သိမ်းထားတဲ့ စာရင်း အချက်အလက်တွေ ပျောက်သွားမှာ စိုးရိမ်စရာ မရှိပါဘူး။ BackUp လုပ်ပြီးသား ဖိုင်တွေကို CD ဒါမှမဟုတ် Memory Stick တွေထဲမှာလည်း သိမ်းထား လို့ရတော့ ကွန်ပျူတာ ပျက်သွား ခဲ့ရင်တောင် စာရင်းတွေကို ပြန်ခေါ် လို့ရပါတယ်။
Q: Orient က ဘယ်လို ကွန်ပျူတာ စာရင်းကိုင် ဆော့ဖ်ဝဲလ်တွေ ထုတ်တာလဲ ??
A: Orient IT Solution Co.,Ltd အနေနဲ့ လုပ်ငန်းမျိုးစုံနဲ့ ကိုက်ညီတဲ့ ကွန်ပျူတာ စာရင်းကိုင် ဆော့ဖ်ဝဲလ် တွေကို ထုတ်လုပ် ရောင်းချ ပေးပါတယ်။
  • အရောင်း စနစ် နဲ့ ကုန်လက်ကျန် ကိုပဲ အဓိကထား အသုံးပြု ချင်တဲ့ လုပ်ငန်း တွေအတွက် Orient Point of Sales System (OPOS)
  • အရောင်း အ၀ယ် စနစ် နဲ့ ကုန်လက်ကျန်၊ ပေးရန် ရရန် အကြွေး စာရင်း၊ ငွေစာရင်း၊ အရှုံး အမြတ် စတာတွေကို သိချင်တဲ့ လုပ်ငန်းတွေ အတွက် Orient Trading Management System (OTMS)
  • ငွေကြေး အမျိုးမျိုး ကို အသုံးပြုပြီး အရောင်း အဝယ် ပြုလုပ်သူတွေ၊ ကုန်ပေးရန် ရရန်ကျန် စာရင်း၊ ကုန်သည် လယ်ဂျာ စာရင်း၊ ဘဏ်စနစ် နဲ့ ငွေစာရင်း အမျိုးမျိုး အသုံးပြုသူတွေ၊ အရှုံး အမြတ် စာရင်း တွေကို အတိအကျ ထုတ်ချင်တဲ့ လုပ်ငန်း တွေအတွက် Orient Trading Management System II (OTMS)
  • စိန်ရွှေ ရတနာ ရောင်းဝယ်ရေး လုပ်ငန်း တွေအတွက် Orient Jewellery Trading System (OJTS)
Q: ဆော့ဖ်ဝဲလ် သုံးနေ ရင်းနဲ့ Error တက်လာခဲ့ရင် ဘယ်လို လုပ်မလဲ ??
A: အသုံးပြု နေတဲ့ ဆော့ဖ်ဝဲလ် ကြောင့်သာ Error တက်ပါက Service Fees ပေးစရာ မလိုပဲ အချိန်မရွေး တာဝန်ယူ ပြုပြင် ပေးပါတယ်။
Q: ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ကိုယ့်စနစ် နဲ့ ကိုယ့်ဟာကိုယ် ဆော့ဖ်ဝဲလ် ဆွဲချင်ရင် ရောရသလား ??
A: Customized Software ဆွဲချင်ရင်လည်း Orient မှ ကျွမ်းကျင်တဲ့ ဆရာများက လာရောက် ဆွေးနွေး ပေးပြီး လုပ်ငန်းနဲ့ အကိုက်ညီဆုံး စနစ် တွေကို တီထွင် ရေးဆွဲ ပေးပါတယ်။ Orient Customer အများစုက Customized Software ကို အသုံးပြု ကြသူများ ပါတယ်။
Q: ဆော့ဖ်ဝဲလ် ၀ယ်ပြီး ရင်ရော ဘယ်လို ဝန်ဆောင်မှု မျိုးရပါသလဲ ??
A: ဆော့ဖ်ဝဲလ် ၀ယ်ပြီး တာနဲ့ Orient မှ ကျွမ်းကျင် Trainer များက စနစ်တကျ သင်ကြား ပေးပါတယ်။ တစ်နေ့ကို ၂နာရီ နဲ့ တစ်ပတ် (၇ ရက်) သင်ပေးပါတယ်။ ဆော့ဖ်ဝဲ စတင် အသုံးပြု တဲ့အချိန်ကစပြီး သုံးလအတွင်း စာရင်း မှန်မမှန် ကိုလည်း ကူညီပြီး တိုက်စစ် ပေးပါတယ်။ Orient User Support Trainer တွေရဲ့ စိတ်ရှည်မှု နဲ့ စနစ်တကျ သင်ကြား ပေးမှု တွေက အသုံးပြု သူတွေကို စိတ်ကျေနပ်မှု ရစေမှာ အပြည့်အ၀ အာမခံ ပါတယ်။
Q: ဆော့ဖ်ဝဲလ် အသုံးမပြုခင် ဘာတွေ ကြိုတင် ပြင်ဆင် ထားဖို့ လိုပါသလဲ ??
A: ဆော့ဖ်ဝဲလ် အသုံးမပြု ရသေးတဲ့ လုပ်ငန်းတွေဆို မိမိတို့ ဆိုင်မှာရှိတဲ့ ကုန်ပစ္စည်းတွေ အားလုံးရဲ့ အမည်ကို စာရင်း အသေအချာ ရေးမှတ် ပေးထား ရပါမယ်။ Oreint မှ ထုတ်ပေးလိုက်တဲ့ Data Format တွေကို အရင် ပြုလုပ် ပေးထား ရပါမယ်။ ဆော့ဖ်ဝဲလ် အသုံးပြု ဖူးပြီးသား လုပ်ငန်း ဆိုရင်တော့ လက်ရှိ ကုန်ကုတ်တွေ အတိုင်း အသုံးပြု ချင်သေးတယ် ဆိုရင် Orient မှ ကျွမ်းကျင် ဆရာများက လာရောက် ကြည့်ရှု ပေးပါတယ်။ လိုအပ်တဲ့ ကွန်ပျူတာ ပစ္စည်းတွေ ၀ယ်ယူဖို့ကိုလည်း ၀န်ဆောင်မှု အနေနဲ့ အပြည့်အဝ ကူညီ ပေးပါတယ်။
Q: Orient ကို ဘယ်လို ဆက်သွယ် လို့ရမလဲ ??
A: ဖုန်းဆက် မေးမယ် ဆိုရင် 011 201547 (ရုံးချိန်အတွင်း) နှင့် 09 91037890 ကို အချိန်မရွေး မေးမြန်း စုံစမ်း နိုင်ပါတယ်။ ရုံးခန်းကို ကိုယ်တိုင် လာရောက် လေ့လာ ကြည့်ချင်တယ် ဆိုရင်တော့ မန္တလေးမြို့ ဈေးချို ရုံသစ်ကြီး ဘေးက မန်းမြန်မာ ပလာဇာရဲ့ ဒုတိယထပ် iPlaza ထဲမှာ နွေးထွေးစွာ စောင့်ကြို နေပါတယ်။