Business Software

Function

Orient မှ ရေးသား ပေးနေသော Business Software များမှာ လုပ်ငန်း အလိုက် ကုန်ပစ္စည်း အရောင်း အ၀ယ်၊ ကုန်လက်ကျန်၊ ပေးရန်/ရရန် အကြွေးများ၊ ရောင်းအား အကောင်းဆုံး ကုန်ပစ္စည်း များ၊ ၀င်ငွေ/ထွက်ငွေ စာရင်းများနှင့် အရှုံး/အမြတ် စာရင်းများကို နေ့စဉ် အချိန်နှင့် တစ်ပြေးညီ သိနိုင်ရန် ရေးသား ထားသော ဆော့ဖ်ဝဲလ်များ ဖြစ်ပါသည်။ အပတ်စဉ်/လစဉ် စသဖြင့် စာရင်းချုပ် ကို သော်လည်းကောင်း၊ စာရင်း တစ်ခုချင်းစီ ကို သော်လည်းကောင်း မိနစ်ပိုင်း အတွင်း အဖြေပေးနိုင်သည့် ဆော့ဖ်ဝဲလ် အမျိုးအစား လည်း ဖြစ်ပါသည်။

Security & Reliability

Orient ၏ လုပ်ငန်းခွင်သုံး ဆော့ဖ်ဝဲလ် များကို အသုံးပြု ရာတွင် အသုံးပြုသူ အမျိုးအစား များ အလိုက် သက်ဆိုင်ရာ စကားဝှက် များဖြင့် အသုံးပြု ရသည့် အတွက် စာရင်း များ၏ လုံခြုံရေးကို ပိုမို ကောင်းမွန် စေပါသည်။

Orient Backup & Restore စနစ် ကိုပါ ထည့်သွင်း ပေးထားသည့် အတွက် စာရင်း များ ပျောက်ဆုံး မှုကို ကာကွယ် ပေးနိုင်ပါသည်။

အကြောင်း အမျိုးမျိုးကြောင့် ကွန်ပျူတာတွင် Orient Software စနစ် ပျက်စီး ပျောက်ဆုံး သွားခဲ့ပါက Orient ဘက်မှ ပြန်လည် ထည့်သွင်း ပေးမှုကို ခြောက်လ အာမခံကဒ် ဖြင့် ၀န်ဆောင်မှု ပေးပါသည်။

Service & Support

စနစ်ကို အသုံးပြုမှု လွယ်ကူ စေရန် အသုံးပြုနည်း လမ်းညွှန် စာအုပ် ထည့်သွင်း ပေးထား သည့်အပြင် အသုံးပြုနည်း သင်တန်းပေးခြင်း (User Training) များကိုလည်း ၀န်ဆောင်မှု အနေဖြင့် အခမဲ့ ကူညီ ပေးပါသည်။

လူကြီးမင်း တို့ဘက်မှ Orient Software စနစ်များအား Client/Server Version ပုံစံဖြင့် အသုံးပြုလိုပါက Local Area Network ချိတ်ဆက်မှု ကိုလည်း အခမဲ့ လုပ်ဆောင် ပေးပါသည်။

Orient Software Development မှ ဖန်တီး ရေးသား ထုတ်လုပ် ထားသည့် မည်သည့် စနစ် အတွက်မဆို နှစ်စဉ် လိုင်စင်ကြေးများ ထပ်မံ ပေးဆောင်ရန် မလိုအပ်ပါ။ Orient Ready Made Software စနစ် များအား စတင် ဝယ်ယူ အသုံးပြုသည့် အချိန် မှစ၍ ခြောက်လ အတွင်း စနစ် နှင့် ပတ်သတ်သော အဆင်မပြေမှုများ ရှိလာခဲ့ပါက ပြုပြင်ပေးမှု များကို ဆောင်ရွက် ပေးပါသည်။

Free Consulting

လူကြီးမင်းတို့ လုပ်ငန်းနှင့် ကိုက်ညီသော Customized Software များ ရေးသား လိုပါကလည်း Orient Software မှ အခမဲ့ ဆွေးနွေး အကြံဥာဏ် ပေးခြင်း နှင့် ကုန်ကျ စရိတ် တွက်ချက် ပေးခြင်း တို့ကို ကူညီ ဆောင်ရွက် ပေးပါသည်။

Orient Software ၏ အရည်အသွေးကို မျက်မြင် ကိုယ်တွေ့ သိရှိ နိုင်ရန် Orient ဘက်မှ အမြဲ ရှင်းပြပေးဖို့ အသင့်ရှိ နေပါသောကြောင့် လူကြီးမင်း ဘက်မှ ဆက်သွယ် အကြောင်းကြား ခဲ့လျှင် ရုံးခန်း/ဆိုင်ခန်း အရောက် လာရောက် ရှင်းလင်း ပြောပြရန် အသင့် ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အပ်ပါသည်။